Wednesday, November 11, 2009

နယ်ခြားစောင့်တပ် အင်အားမဖြည့်တင်းနိုင်မှု ကရင်အဖွဲ့အတွင်း အခြေအနေတင်းမာ


ဝီရ / ၁၀ နိုဝင်ဘာ ၂၀၀၉

စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် သဘောတူညီထားပြီးဖြစ်သည့် ဟောင်သရောအဖွဲ့ ခေါ် ကေပီအက်ဖ် (KPF) ငြိမ်းချမ်းရေးတပ်ဖွဲ့အတွင်း လိုအပ်အင်အားပြည့်မီရန် ဆောင်ရွက်နိုင်ခြင်း မရှိသည့် ၎င်းတို့၏ တပ်ရင်းမှူးတဦးအား အနားပေးရန် ညွှန်ကြား၍ ယမန်နေ့က အချင်းချင်းကြား ပဋိပက္ခ ဖြစ်ပွားခဲ့ကြကြောင်း သိရသည်။

ဘုရားသုံးဆူ နယ်စပ်မြို့ အခြေစိုက် ကေပီအက်ဖ် အမှတ် (၃) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး မန်းလေးဝါးက ၎င်းအား

ရာထူးမှဖယ်ရှားရန် ညွှန်ကြားစာကို လက်မခံခဲ့ရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကေပီအက်ဖ် အရာရှိတဦးက ပြောသည်။

“မန်းလေးဝါးရဲ့ နေရာမှာ စောဝါးချယ့်ကို အစားထိုးဖို့ ဘုရားသုံးဆူကို မနေ့က ရောက်လာတော့ မန်းလေးဝါးက လက်မခံဘူး။ အဲဒီမှာ အချင်းချင်း သေနတ်နဲ့ချိန်ကြတဲ့အထိ ဖြစ်သွားတယ်။ အဲဒီနောက် ဘုရားသုံးဆူက ခမရ (၂၈၃) နအဖ တပ်ရင်းမှူး မြတ်ထွန်းအေးက မန်းလေးဝါးနဲ့ ဒု-တပ်ရင်းမှူး လေးဝင်းတို့ကို ခဏလောက် ခေါ်ပြောပြီး ပြန်လွှတ်လိုက်တယ်။ အခြေအနေ ကတော့ မပြီးပြတ်သေးဘူး။ အဲဒီညွှန်ကြားစာမှာ မန်းလေးဝါးအတွက် ဘာတာဝန်ဆက်ပေးမလဲဆိုတာလည်း မပါတော့ အနားပေးသလို ဖြစ်နေတယ်။ အခု အထက်ကို ပြန်တင်ပြထားတယ်” ဟု ကေပီအက်ဖ် အရာရှိက ခေတ်ပြိုင်သို့ ပြောသည်။

နအဖ တပ်ရင်းမှူးက မည်သည့်အကြောင်းကြောင့် ခေါ်ယူတွေ့ဆုံခဲ့သည်ကို မသိရသော်လည်း ယင်းကရင်အဖွဲ့အတွင်း စိုးရိမ်ရသည့် အခြေအနေအထိ ဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

တပ်ရင်းမှူး နေရာလွှဲပြောင်းရန် ဘုရားသုံးဆူမြို့သို့ ရောက်ရှိလာသည့် စောဝါးချယ့်သည် သံဖြူဇရပ်မြို့အနီး ကေပီအက်ဖ် အမှတ် (၂) တပ်ရင်း (ရဲတံခွန်) ၏ တပ်ရင်းမှူးဖြစ်ပြီး ကေပီအက်ဖ်တပ်ဖွဲ့၏ ဗဟိုကော်မတီဝင်တဦးလည်း ဖြစ်သည်။

မြန်မာစစ်အစိုးရက သတ်မှတ်ထားသည့် နယ်ခြားစောင့်တပ်ရင်းတရင်းအတွက် လိုအပ်အင်အား (၃၀၀) ခန့်ကို စုဆောင်းနိုင်ခြင်း မရှိသောကြောင့် ယခင်က သဘောတူညီချက်အရ သတ်မှတ်ထားသည့် တပ်ရင်း (၃) ရင်းအစား အမှတ် (၂) နှင့် (၃) တည်ရှိရာ ကြာအင်းဆိပ်ကြီးနှင့် ဘုရားသုံးဆူဒေသတို့တွင် တပ်ရင်းတရင်းစာသာ ထားရှိရန် ဒုတိယ ဗိုလ်မှူးကြီး မန်းလေးဝါးအား အသိပေးခြင်းမရှိဘဲ အထက်က ဆုံးဖြတ်လိုက်သည့်အတွက် ၎င်းက ကျေနပ်ခြင်းမရှိကြောင်း သိရသည်။

“လွန်ခဲ့တဲ့ ဇူလိုင်လတုန်းက လေးဝါးကို ကေအန်ယူ ဖမ်းသွားဖူးတာလည်း ရှိနေတယ်။ အဲဒီနောက်ပိုင်းမှာ နအဖဘက်က သူတို့ဌာနချုပ်ကို ဖိအားပေးတာလည်း ရှိတာလေ။ ဒါကြောင့် သူ့ကို ဘာမှအသိမပေးဘဲနဲ့ ဒီလိုလုပ်တာ။ ဒါပေမယ့် သူက ရာထူးဖယ်ပေးရတာတို့ကိုတော့ လက်ခံမှာ မဟုတ်ဘူး။ သူလည်း ဗဟိုကော်မတီဝင်ပဲလေ” ဟု မန်းလေးဝါးနှင့် နီးစပ်သည့် စီးပွားရေးသမားတဦးက ပြောသည်။

စောသမူဟဲ ဦးဆောင်သည့် ကေပီအက်ဖ်တပ်ဖွဲ့သည် ၁၉၉၇ ခုနှစ်တွင် ကေအန်ယူ တပ်မဟာ (၆) မှ ခွဲထွက်ကာ ထိုနှစ်တွင်ပင် မြန်မာစစ်အစိုးရထံ လက်နက်ချခဲ့သည်။

Tuesday, November 10, 2009

KPF တပ်ဖွဲ့အတွင်းအခြေအနေတင်းမာ


Tuesday, 10 November 2009 01:08

Kaowao သတင်းဌာန

ကောင်းဝါ(နိုဝင်ဘာ-၉)။ ။ ထိုင်းမြန်မာနယ်စပ် ဘုရာသုံးဆူမြို့အခြေစိုက် KPFခေါ်ကရင်ငြိမ်းချမ်းရေးအဖွဲ့အတွင်း ယနေနံနက် (၇) နာရီတွင် အာဏာလွန်ဆွဲပွဲ ဖြစ်ပွါးခဲ့ပြီး နယ်မြေခံ နအဖ ခမရ(၂၈၃) တပ်ရင်းမှုးဒုဗိုလ်မှုးကြီး မြတ်ထွန်းအေး ဖြေရှင်းပေးနေရကြောင်းသိရသည်။ KPF ဌာနချုပ်၏ ညွှန်ကြားချက်အရ ဘုရားသုံးဆူမြို့ရှိ KPF အမှတ် (၃)တပ်ရင်းမှူးနေရာတွင် ဗိုလ်မှူးမန်းလေးဝါးအားဖယ်ရှားပြီး ဗိုလ်မှူးစောဝါးချဲ့ကို ယာယီအားဖြင့် အစားထိုး တာဝန်ပေးခဲ့ရာ အဆိုပါ တာဝန်လွှဲပြောင်းမှုကိစ္စကို ဗိုလ်မှူးမန်းလေးဝါးက လက်မခံ ငြင်းဆန်ခဲ့သဖြင့် ပဋိပက္ခဖြစ် ပွါးခဲ့သည်ဟု KPF နှင့်နီးစပ်သူ တစ်ဦးမှ ပြောပါသည်။



တခြား KPF အဖွဲ့ဝင်ဟောင်းတစ်ဦးကမူ နေရာလွှဲပြောင်းပေးရန် အခြေအဝင်ဖြစ်ပွါးနေစဉ်အတွင်း အမှတ်(၃)တပ် ရင်း ထောက်လှမ်းရေးမှူး ပလာဝါးက ဗိုလ်မှူးမန်းလေးဝါး၏သေနတ်ကိုလုယူပြီး ချိန်ရွယ်ထားသည်အထိ အခြေအ နေတင်းမာခဲ့သည်ဟု ဆိုသည်။ စခန်းအတွင်းအိမ်ထောင်သည်လိုင်းမိသားစုဝင်များက ကြောက်လန့်တကြားပြေး လွားနေသည်ဟု ဆိုသည်။

ဗိုလ်မှူးမန်းလေးဝါးမှာ ပြီးခဲ့သည်ဇူလိုင်လ (၈)ရက်နေ့တွင် KNU လက်မှထိန်းသိမ်းခံခဲ့ရပြီးလက်နက် (၈) လက်ပါ သိမ်းဆည်းခံခဲ့ရသည့် ဖြစ်စဉ်ကြောင့် နအဖ ဘက်မှသံသယရှိနေပြီး ၄င်းနေရာကို အစားထိုးရန် KPF ဌာနချုပ်ကို တွန်းအား ပေးခဲ့သည်ဟု KPF အဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောပါသည်။

ယခုအခါ KPF အမှတ် (၂) တပ်ရင်း၊ အမှတ် (၃) တပ်ရင်းကို ဖျတ်သိမ်းပြီးအမှတ် (၁) တပ်ရင်းနှင့်ပေါင်းကာ နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရန်လက်ခံခဲ့သည်ဟု ဆိုသည်။ ထိုသို့လက်ခံလိုက်ခြင်းအာဖြင့် အသက် (၅၀) ကျော်အရာရှိအရာခံအကြပ်တပ်သားများ အနားယူရပြီး နအဖ တပ်အရာရှိများမှ အဓိကကျသောနေရာတွင် ထိန်ချုပ်နေရာယူမည့်ကိစ္စအတွက် အောက်ခြေအဖွဲ့ဝင်များ ကျေနပ်မှုမရှိဟု KPF တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးမှပြော ပါသည်။

Kaowao သတင်းဌာန မှ ကူးယူဖော်ပြပါသည်။

Sunday, November 8, 2009

kkk


ကေအဲန်ယူ ထိန်းချုပ်ရာဒေသဖြစ်သည့် ဖာပွန်ခရိုင် လူသောမြို့နယ်တွင် ယခုလ(၁၁)ရက်နေ့မှစ၍ တုပ်ကွေးရောဂါ အမျိုးအစားဟု ထင်မှတ်ရ သည့် ကူးစက်ရောဂါတခုဖြစ်ပွားရာ ဆယ်ရက်အတွင်း ထိုဒေသရှိ ရွာသူရွာသား ၃၀၀ကျော် ကူးစက်ခံရသည်ဟု သိရသည်။

“လွန်ခဲ့တဲ့အပတ်က စဖြစ်တာ ဆယ်ရက်အတွင်းမှာ လူ ၃၀၀ကျော်လောက် ကူးစက်သွားတယ်။ ကူးစက်မှုနှုန်းက အရမ်းမြန်တယ်။ ရောဂါကူး စက်တဲ့ လူနာ ၆၀ကို ကျနော်တို့ သွေးစစ်ကြည့်ပါတယ်။ ငှက်ဖျားရောဂါများလားပေါ့။ ဒါပေမယ့် ငှက်ဖျားရောဂါပိုးတွေ့တာ တယောက်ပဲ။ ကျန်တဲ့ ၅၉ယောက်က ဘာလက္ခဏာမှ မပေါ်ဘူး။ အဲဒါကြောင့် ရာသီတုပ်ကွေး
 

Friends